Events
“8th Macao International Travel(Industry) Expo”
Updated At: 2020-02-18 06:10:50
“8th Macao International Travel(Industry) Expo” ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။ ယင်းပြပွဲအား နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှ ပါဝင်ပြသနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ၁၈ စတုရန်းမီတာ အကျယ်အဝန်းရှိသည့် ပြခန်းနေရာအား အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ပြည်ထောင်စုသမ္္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ ဖိတ်စာများကို (၁၇-၂-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက ပြပွဲကျင်းပရေးကော်မတီ၊ Email: [email protected]၊ ဖုန်း- (853) 2870 3707 ၊ 2870 0655၊(86)151-1316-2627၊www.mitexpo.mo၊ ပေကျင်းမြို့၊ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဒေါ်ရွှေစင်ဦး၊ email: [email protected] နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
- Website
- www.myantrade.org
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025